စေတနာရှင်အပေါင်းတို့ -
အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီး၍ ဗုဒ္ဓဂယာမြေမြတ်မဟာ၌ စတုရန်း (၃၂၄၀၀) ပေ ကျယ်ဝန်းသော သာသနာ့မြေကြီးကို စေတာနာရှင်တို့၏ လှူဒါန်းငွေများဖြင့် ၀ယ်ယူပြီးစီးပြီးဖြစ်ပါသည်။ ယခုအခါ အဆိုပါသာသနာ့မြေကြီးပေါ်၌ မဟာဗောဓိပရဟိတကျောင်းတိုက်၏ ပထမဦးဆုံးသော ဗောဓိရုက္ခမူလ (၅) ထပ် ကျောင်းဆောင်တော်ကြီးကို စတင်ဆောက်လုပ်မည်ဖြစ်ပါသဖြင့် စေတနာရှင်များ အောက်ပါအတိုင်း ပါဝင်လှူဒါန်းနိုင်ပါကြောင်း တိုက်တွန်း နှိုးဆော်အပ်ပါသည်။
၁) ကျောင်းအဆောက်အဦး စတုရန်း (၁) ပေလျှင် US$ 25 (ကျပ်ငွေ ၂၂၀၀၀)
၂) ၁၅x၁၉ ပေကျယ် အခန်း (၁) ခန်း US$ 7000/=
၃) လူ (၆) ယောက်စီး ဓါတ်လှေကား တစ်စီး US$ 20000/=
ဓါတ်လှေကား အလှူရှင်နှင့် အခန်းလိုက် အလှူရှင်များအား ကြေးပြားကမ္ဗည်းထိုး ဂုဏ်ပြုပါမည်။

မေတ္တာဖြင့်-
ဆရာတော်
ဗောဓိသုခပရဟိတကျောင်း၊ ကိုးလ်ကတ္တား။
ဖုန်း- +၉၁ ၉၈၃၀၀၅၃၉၅၇
ဆရာတော်
ဗောဓိသုခပရဟိတကျောင်း၊ ကိုးလ်ကတ္တား။
ဖုန်း- +၉၁ ၉၈၃၀၀၅၃၉၅၇